28 C
Yangon

ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအချင်းချင်း ရန်ဖြစ်ပြီး ဓားဖြင့်ထိုးမှု ပျူစောထီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၅

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအချင်းချင်း စကားများရန်ဖြစ်ပြီး ဓားဖြင့် ထိုးသတ်ရာ ပျူစောထီး ၁ ဦးသေဆုံးသွား ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၂ ရက် ညပိုင်းက ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီး အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဉ် ပျူစောထီး အချင်းချင်း စကားများ ရန်ဖြစ်ပြီး ကုလားဆို သည့် ပျူစောထီးမှ ပရှုးဆိုသည့် ပျူစောထီးကို စကေဘာဖြင့် ၆ ချက် ထိုးသတ်ရာနေရာမှာပင်သေ ဆုံးသွားကြောင်း သိရသည်။

“၂၂ ရက်နေ့ကည မလိဝမ်းက ပျူစောထီးတွေ မလိဝမ်းအုပ်ချုပ်ရေးမှူးရုံးမှာ စကားများရန်ဖြစ်ကြ တယ်၊ ဘာအတွက်ကြောင့်စကားများရန်ဖြစ်တာလဲ‌တော့မပြောတတ်ဘူး။ စကားများရန်ဖြစ်တဲ့ အချိန်မှာ ကုလားဆိုတဲ့ သူက ပရှူးဆိုတဲ့သူကို စကေဘာနဲထိုးတာ၊ မလိဝမ်းသားတွေပဲ၊ နာမည် အရင်း တော့မသိဘူး။ ရွာထဲခေါ်တဲ့နာမည်တွေပေါ့၊ စကေဘာနဲ့ ၆ ချက်ထိုးတာ၊ နေရာမှာပဲ သေ သွားတယ်၊ အခုစကေဘာနဲ့ထိုးတဲ့ ကုလားကိုတော့ ဖမ်းထားတယ်၊ ပျူစောထီးတွေအချင်းချင်းပဲ၊ ရန်ဖြစ်ပြီးတော့ သတ်လိုက်တာ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီက လူဆိုးလူမိုက်များ၊ အရက်သမားများနှင့် အလုပ်အကိုင်မရှိသူများကို စုစည်း၍ ပြည်သူ့စစ်နှင့် ပျူစောထီးများအဖြစ် စစ်သင်တန်းပို့ချခြင်း၊ စစ်တပ်အတွက် ကင်းစောင့်ခိုင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – ရန်ကုန်မြို့မှ လူမိုက် ပျူစောထီးနှင့် စစ်တပ် လက်ကိုင်တုတ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မြို့မှ လူမိုက် ပျူစောထီးနှင့် စစ်တပ် လက်ကိုင်တုတ်များ
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article