28 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် စစ်ဆေးရေးဂိတ်တွင် ဘန်ကောက်သို့ တရားမဝင် ခိုးတက်မည့် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ မေ ၂၅

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် စစ်ဆေးရေးဂိတ်တွင် ဘန်ကောက်သို့ တရားဝင် ခိုးတက်မည့် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညပိုင်း ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့နယ် စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ၅ ဦးကို ကုန်တင်ကားပေါ်တွင် စစ်ဆေးတွေ့ရှိရကြောင်း၊ ၎င်းတို့ကို စစ်ဆေးရာ တရားမဝင် စာရွက်စာတမ်းမရှိဘဲဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ တစ်ဦးလျှင် ဘတ်ငွေ ၁၂၀၀၀ ပေး၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ရန်ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၅ ဦးမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ပြီး မြ၀တီမြို့မှ တစ်ဆင့် မဲဆောက်မြို့သို့ သောင်ရင်းမြစ် ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article