28 C
Yangon

စစ်တပ်ရိက္ခာနှင့်လက်နက်ခဲယမ်းများ သယ်ယူလေ့ရှိသည့် ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲခံရပြီး ကုန်တင်ရထား တိမ်းမှောက်

Must read

ရန်ကုန်၊ မေ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသို့ စစ်တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ မကြာခဏ သယ်ယူလေ့ရှိသည့် ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး ကုန်တင်ရထား တိမ်းမှောက်သွားကြောင်း မြန်မာ့မီးရထားထံမှ သိရှိရသည်။

ယနေ့ မေ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲဖြူကုန်းဘူတာမှ တောင်ငူမြို့ဘက်သို့ ထွက်ခွာလာသော စက်ခေါင်းအမှတ် DF – 1373 ခုတ်မောင်းလာသော ရထားအတွဲ ၁၉ တွဲပါ ကုန်တင် ရထားအမှတ် ၆၈၇ အစုန် ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာအနီး ရထားမိုင်တိုင်အမှတ် ၁၂၄/၃ အနီး မိုင်းမိခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ကုန်တင်ရထား အတွဲ ၄ တွဲ လမ်းချော် ပျက်စီးသွားပြီး ရထားလမ်း ပေ ၂၅၀ ဝန်းကျင် ပြတ်တောက်သွားကြောင်း သိရှိရသည်။

“လောလောဆယ်တော့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေအားလုံး ရပ်နားသွားပါပြီ။ ဒီမနက် ကုန်တင်ရထားမှောက်တာမှာတော့ လူထိခိုက်မှုမရှိပါဘူး။ ” ဟု မော်လမြိုင် ဘူတာကြီးမှ ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းမှတစ်ဆင့် ကုန်တင်ရထားများဖြင့် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ရတခ နယ်မြေများသို့ စစ်ကူများနှင့် လက်နက်ခဲယမ်းများကို စစ်တပ်က မကြာခဏ ပို့ဆောင်လေ့ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

မေလ ၆ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာအကြား မိုင်းခွဲခံရပြီး တံတား တစ်စင်းပါ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article