25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မလေးရှားနိုင်ငံမှာ ဒီကနေ့ မေလ ၂၆ ရက်န့မှာပဲ စတင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေးက ထိပ်တန်းကိစ္စ အဖြစ်ပါဝင်နေပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးပဲ ဆက်လက်ပိတ်ပင်ထားသလို အဆင့်နိမ့်ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပေးထားတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
  • ဧရာ၀တီတိုင်းမှာ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်လာမှာကို အကြီးအကျယ် ထိတ်လန့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က အင်္ဂပူမြို့နယ်နဲ့ ဘိုကလေးမြို့နယ်တွေမှာ တပ်သားသစ်တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးစုဆောင်းပြီး စစ်သင်တန်းတွေကို ဆက်တိုက်ပေးနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆီကို ရိက္ခာ နဲ့ လက်နက်ခဲယမ်းတွေ မကြာခဏ သယ်ယူပေးနေတဲ့ ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး ကုန်တင်ရထား တိမ်းမှောက်သွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article