25 C
Yangon

“ကိုးကန့် အထူးဒေသ ၁ တွင် အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်ရေး CDM ကျောင်းဆရာ၊ ဆရာမများနှင့် CDM ကျောင်းသား၊ကျောင်းသူများကို တာဝန်ထမ်းဆောင်ရန် MNDAA က တရားဝင် ဖိတ်ခေါ်

Must read

ရန်ကုန်၊ မေ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် အထူးဒေသ ၁ ရှိ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန် CDM ကျောင်း ဆရာ၊ ဆရာမများနှင့် CDM ကျောင်းသား၊ကျောင်းသူများကို တာဝန်ထမ်းဆောင်ရန် ကိုးကန့် MNDAA က တရားဝင် ဖိတ်ခေါ် သည်။

ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးဒေသ ၁ အတွင်းရှိ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန်အတွက် ပညာရေးဝန်ထမ်းများခေါ်ယူလိုကြောင်း၊ ကိုးကန့် အထူးဒေသ ၁ တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ ကျောင်းနေအရွယ်ကလေး များအားလုံး ပညာသင်ယူနိုင်ရန်အတွက် အခြေခံပညာကျောင်း ၂၂ ကျောင်း ဖွင့်လှစ်ခဲ့ ကြောင်း သိရှိရသည်။

ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ် မည်ဖြစ်၍ အခြေခံပညာကျောင်းများမှ CDM ပြုလုပ်ထားသော ဆရာ/ဆရာမ များ၊ တက္ကသိုလ်တစ်ခုခုဘွဲ့ရရှိသူများနှင့် CDM ပြုလုပ်ထားသော တက္ကသိုလ်ကျောင်းသား/သူ များသည် အထူးဒေသ ၁ အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လိုပါက https://www.surveyheart.com/form/681f04f3f061e226ef143cf4 တွင် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

“MNDAA အနေနဲ့က အခုလက်ရှိ ကိုးကန့် အထူးဒေသ ၁ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ တစ်ခုလုံးမှာလည်း CDM ကျန်းမာရေးဝန်ထမ်းတွေ ၊ ဆရာဝန်၊ သူနာပြု တွေအားလုံးကို ခေါ်ခန့်ထားတယ်။ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်တဲ့ ရာထူးတာဝန်တွေကိုပါ ပေးနေတာပါ။ ပညာရေး ကဏ္ဍမှာလည်း CDM ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေကို အလုပ်ခန့်ဖို့ ခေါ်တယ်ဆိုတာက တော်လှန်ရေးကို တစ်ဖက်တစ်လမ်းကနေ ဆက်လက် ပါဝင်နေတယ်ဆိုတာ သက်သေပြမှု တစ်ခုလည်း ပြောလို့ရပါတယ်” ဟု ကိုးကန့် အထူးဒေသ ၁ တွင် ရောက်ရှိနေသည့် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။

MNDAA က ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ကိုမူ တရုတ်၏ ဝင်ရောက် စွက်ဖက်မှုကြောင့် ယခု ဧပြီလနှောင်းပိုင်းတွင် စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်။

ဓာတ်ပုံ – ကိုးကန့် အထူးဒေသ ၁ ရှိ စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ဥပဒေပညာပေးလုပ်ငန်းများအား အသိပညာပေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကိုးကန့် အထူးဒေသ ၁ ရှိ စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ဥပဒေပညာပေးလုပ်ငန်းများအား အသိပညာပေးနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article