ဒီကနေ့ မေ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးသွားတဲ့ ဝန်ကြီးဌာနရုံးတွေ ပြန်မပြင်ခင် ယာယီ အဆောက်အအုံအဖြစ် Modular Office နဲ့ House တွေ အပါအဝင် ယာယီအဆောက်အအုံ တည်ဆောက်မှုတွေအတွက် လိုအပ်တဲ့ သွင်းကုန်တွေကိုလည်း အကြမ်းဖက် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ နဲ့ စစ်တပ်အသိုင်းအဝိုင်းတွေသာ တင်သွင်းခွင့်ရရှိထားကြပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ နီးကပ်နေတဲ့ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာပြီး ပြည်သူတွေပါ ဘေးလွတ်ရာကို စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံပြည်သူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက် မှုတွေ ဆိုးဆိုးရွားရွားလုပ်လာတဲ့အတွက် NUG ရဲ့ပညာရေးကျောင်းတွေအားလုံး ခေတ္တ ယာယီ ပိတ်ထား ဖို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ညွှန်ကြားလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
