27 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်တပ်စခန်းသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းက DKBA ဌာနချုပ်အနီး ရောက်ရှိနေစဉ် KNLA ပူးပေါင်း တပ်များက ပိတ်ဆို့ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၈

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်တပ်စခန်းသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းမှာ DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးသို့ ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်နေကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၂၇ ရက်နေ့မှစတင်ပြီး မြဝတီမြို့ တောင်ဘက် ဝေါလေလမ်းပိုင်း၊ DKBAဒီ မိုကရေစီအကျိုးပြုကရင့်တပ်မတော်၊ ဌာနချုပ်ဆုံဆည်းမြိုင်ကျေးရွာထိပ်ရှိ မဂ်လာတံတားနေရာနှင့် ဆုံဆည်းမြိုင်စစ်ရေးပြကွင်း နေရာသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်နေကြောင်း၊ ယနေ့ မေလ ၂၈ ရက်နေ့ အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။

” မနေ့က စစ်ကောင်စီတပ်တွေက ဝေါလေဗျူဟာကနေ ဆုံဆည်းမြိုင်ဘက်ကို ထိုင်းဘက်ကနေ ကမ်းကူးဝင်လာတယ်။ သေ့ဘောဘိုးစခန်းဆီကို စစ်ကူသွားဖို့လာကြတာ။ DKBA စစ်ရေးပြကွင်းနဲ့ဘုရားကျာင်းနဲ့ မင်္ဂလာတံတားနားမှာရောက်နေတဲ့အချိန် KNLAအဖွဲ့တွေက ကြားဖြတ်တိုက်တာ။ ပစ်လိုက်နားလိုက်ပဲ။ ဆုံဆည်းမြိုင်၊ တောင်နီက ပြည်သူတွေကတော့ ထိုင်းဘက်ကို အကုန်ရှောင်ပြီ။ ဒီပွဲမှာ DKBAဝင်ပါမလား၊ မပါလားဆိုတာတော့မသိရဘူး။ တိုက်ပွဲဖြစ်နေတာက သူတို့ဌာနချုပ်ထိပ်မှာဖြစ်နေတာ”ဟု KNUစစ်ရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

ထို့ပြင် သေ့ဘောဘိုးရွာထိပ်ရှိ အကြမ်းဖက်စစ် ကောင်စီသေ့ဘောဘိုးစခန်းနေရာနှင့်ကာကင်းစခန်းနေရာကို KNLA မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရှိရသည်။

” စကစတွေက သေ့ဘောဘိုး၊ကျောက်ခက်၊တောင်နီ၊ဆုံဆည်းမြိုင်၊ဝေါလေဂွင်ထဲမှာ ရောက်နေတာ အင်အားထောင်ချီရှိတယ်။ ဒါကိုတိုက်ဖို့က ဝေါလေလမ်းပိုင်းကို ၂၀၂၂ တုန်းကလို ဖြတ်တောက်ထားမှရမယ်၊လမ်းမဖြတ်ရင်အရပ်သားကားတွေနဲ့လူရော၊ခဲယမ်းရော တအိအိနဲ့စစ်ကူရောက်လာနေတာကိုလမ်းဂိတ်တွေ ကြပ်ကြပ်မတ်မတ်စစ်နေမှရမယ်။ အဲဒီလိုမှ မဟုတ်ရင် တိုက်ပွဲက ပြတ်မှာမဟုတ်ဘူး ” လို့ KNU စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် ဝေါ်လေတွင် KNLA မဟာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် မနားတမ်း စစ်ဆင်တိုက်ခိုက်နေပြီး မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့်လည်းကနဲလေး၊မော်ခီး၊ထီးသဲဘလယ်စခန်းများကို တိုက်ခိုက်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article