27 C
Yangon

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား

Must read

ရန်ကုန်၊ မေ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်များ ရောက်ရှိလာချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၈ နာရီအချိန်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

“အခုဖြစ်တာက လုံးခင်းရွာထဲတော့ မရောက်သေးဘူး။ လုံးခင်းဘက်မရောက်ခင် ဥရုချောင်းခြားတယ်။ နှစ်မျက်နှာ ဘုရားဘက်မှာ ဖြစ်နေတာ။ လုံးခင်းကိုတော့ တိုက်ပွဲ မရောက်သေးဘူး။ ဒါပေမယ့် တိုက်ပွဲ အသံတွေ အကုန်ကြားနေရတယ်။ ခွန်ဆာကုန်း၊ လယ်ပြင်နားဘက်တွေမှာ ဖြစ်နေတာ။ အဲဒီစစ်ကြောင်းက ဖားကန့်မြို့ကို ဦးတည်လာနေတာ။ လယ်ပြင်ဘက်မှာ ပျက်စီးမှုများတယ်။ ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားရာချီဖြင့် ဖားကန့်မြို့သို့ ဦးတည်လာနေရာတွင် လမ်းတလျှောက်တွင်လည်း ကျေးရွာများကို ဦးတည်၍ ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း၊ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနှင့် လယ်ပြင်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” စစ်တပ်ရဲ့ သွားတဲ့ ပုံကို ကြည့်ရတာ ဖားကန့် တပ်မကုန်းကို ဦးတည်ထားတာ။ တပ်မကုန်းကို KIA ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာ။ ဒါပေမယ့် အဲဒီတပ်မကုန်းကနေ လက်နက်ကြီးတွေ မကြာခဏ ဆိုသလို ပစ်ခတ်မှုတွေ လုပ်နေတယ်။ အခု သိရတာက စစ်တပ်က ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်တာတွေ လုပ်နေတယ်။ သတ်ဖြတ်မှု တွေလည်း လုပ်နိုင်တယ်။ ပြည်သူတွေ သတိထားဖို့ လိုပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လုံးခင်းမှ ဒေသပြည်သူများမှာလည်း ယမန်နေ့ညပိုင်း တချို့မှာ စစ်ရှောင်သွားကြပြီဖြစ်သော်လည်း လုံးခင်းရွာထဲတွင် ကျန်ရှိနေသော ပြည်သူများစွာ ရှိနေကြောင်း၊ စစ်ရေး အခြေအနေ တင်းမာနေ၍ ပြည်သူများမှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article