28 C
Yangon

ထိုင်း-မြန်မာနယ်စပ်အနီး ရောက်ရှိလာသော မြန်မာစစ်ကောင်စီ၏ Yak-130 တိုက်လေယာဉ်ကို ကြားဖြတ်ရန် F-16 တိုက်လေယာဉ် ၂ စီး ထိုင်းလေတပ်က အရေးပေါ် စေလွှတ်

Must read

🟥 စစ်တပ်စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရ၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ မေ ၂၈

ထိုင်း-မြန်မာနယ်စပ်အနီး ရောက်ရှိလာသော မြန်မာစစ်ကောင်စီ၏ Yak-130 တိုက်လေယာဉ်ကို ကြားဖြတ်ရန် F-16 တိုက်လေယာဉ် ၂ စီး ထိုင်းလေတပ်က အရေးပေါ် စေလွှတ်လိုက်ကြောင်း ထိုင်းတော်ဝင်လေတပ်က အရေးပေါ် သတင်းထုတ်ပြန်သည်။

ယနေ့ ထိုင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃ မိနစ်အချိန် မြန်မာစစ်ကောင်စီ၏ Yak-130 တိုက်လေယာဉ်သည် ထိုင်းဝေဟင်ပိုင်နက်သို့ ချည်းကပ်လာသဖြင့် ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ် ၂ စီးကို အရေးပေါ် စေလွှတ်လိုက်ကြောင်း၊ မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကြားဖြတ် ဟန့်တားရန် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီ၏ အင်အား ၇၀ ကျော်ရှိသော စစ်တပ်စစ်ကြောင်းကို KNLA ပူး​ပေါင်းမဟာမိတ်တပ်များက ချေမှုန်းလိုက်ပြီးနောက် မြန်မာစစ်တပ်က တိုက်လေယာဉ်များ စေလွှတ်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဗုံးကျဲမှုများ လုပ်ဆောင်သွားကြောင်း နယ်စပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

“ထိုင်းဘက်ကတော့ ကြည်းတပ်နဲ့ လေတပ်ကို အသင့်ပြင်ထားတာတွေ့တယ်။ စစ်ကောင်စီ တိုက်လေယာဉ်ကတော့ ဗုံးကျဲသွားပြီ” ဟု နယ်စပ်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

KNLA ပူးပေါင်းမဟာမိတ်တပ်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article