ရန်ကုန်၊ မေ ၂၈
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ DKBA ဌာနချုပ်၊ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် စစ်ကောင်စီ၏ Yak-130 တိုက် လေယာဉ် ၁ စီးက DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာကို လာရောက် ဗုံးကျဲချသွားခြင်းဖြစ်ပြီး ဗုံးကျဲမှုအတွင်း ကလေးငယ် ၁ ဦး ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတော်တော်များများကတော့ စစ်ဘေးရှောင်ပြီးသားပါ။ တချို့တော့ ကျန်ခဲ့တာမှာ ကလေးငယ် ၁ ဦး ဗုံးစ ထိမှန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ အင်အား ၇၂ ဦးပါ စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပိတ် ဆို့ တိုက်ခိုက်ပြီးနောက် စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ စစ် သား ၃၀ ဦးကျော် အရှင်ဖမ်းဆီးရရှိပြီး သေဆုံးသူလည်းများပြားကြောင်း၊ စစ် သားတချို့ ထိုင်းဘက်ကမ်းသို့ ရောက်ရှိကြောင်း နယ်စပ်စစ်ရေး သတင်းရင်း မြစ်တချို့က ပြောဆိုသည်။
ဓာတ်ပုံ – ယနေ့ DKBA ဌာနချုပ်အနီး တိုက်ပွဲအတွင်း ဖမ်းဆီးရရှိခဲ့သော စစ်တပ်စစ်ကြောင်းမှ စစ်သုံ့ပန်းတချို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

