31 C
Yangon

လက်ပံတန်းတွင် PDF ကို ဂရုမစိုက်ဟု စိန်ခေါ်ကာ လူငယ်များကို စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းနေသည့် ရာအိမ်မှူး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၈

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် PDF ကို ဂရုမစိုက်ဟု စိန်ခေါ်ကာ လူငယ်များကို စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းနေသည့် ရာအိမ်မှူး ထွန်းထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ပုတိမ်စုရွာတွင်နေထိုင်သော ရာအိမ်မှူး ထွန်းထွန်းသည် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်မှ ခြေလျင်ပြန်လာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၂ ရဲဘော်များက စောင့်ကြို တိုက်ခိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ထွန်းထွန်းသည် ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် ၃ ချက် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကာ အကြမ်းဖက် စစ်တပ် နှင့် ဆက်သွယ်​ထားသည့် မိုလ်ဘိုင်းဖုန်း ၁ လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ရာအိမ်မှူး ထွန်းထွန်း သည် ပျူစောထီး ခေါင်းဆောင်လည်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပေးခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် ဖိအားပေး လူစုခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံပြီး ကောက်ခံငွေ မပေးသူများအား စစ်တပ်ခေါ် ဖမ်းဆီးခိုင်းခြင်း၊ စကစများထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များအား ဂရုမစိုက်ဘူးဟု စိန်ခေါ်ပြီး လူငယ်များအား စစ်တပ်ထဲ အတင်းအကြပ် ထည့်သွင်းခြင်းများ လုပ်ဆောင်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရာအိမ်မှူး ထွန်းထွန်းက လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး စစ်တပ်ထဲ အတင်းအကြပ်ထည့်တယ်။ စစ်ခွေးတွေနဲ့အတူ အိမ်ပေါ်တက်ပြီး ပေါ်တာဆွဲတာကြောင့် လူငယ်တွေဆိုတာ အိမ်မနေရဲလို့ရှောင်နေရတာကြာပြီ PDF သတင်းတွေစုံစမ်းပြီး စစ်ခွေး တွေဆီပို့တဲ့အပြင် PDFတွေဆီထောက်ပံ့တယ်ဆိုပြီး ပြည်သူတချို့ကို စခတွေဆီသတင်းပေးဖမ်းခိုင်းတယ်။ အဲ့ဒါကြောင့်သူ့ကို သတိပေးတော့ မချေမငံတုံ့ပြန်တဲ့အပြင် ရဲဘော်တွေကိုပါ သူကစိန်ခေါ်နေလို့ ရှင်းလိုက်ရတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့ ဒေါက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article