28 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းအတွက် စစ်ကူလာတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA ပူပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတဲ့အထိ ခြေမှုန်းခံလိုက်ရပြီး နောက် ထပ် စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော်ကိုလည်း တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိ ထားတယ်လို့ KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်က လုံးခင်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေဿခံပြည်သူတွေနဲ့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ ဇီးခြံ ဂိတ် နဲ့ စကားဝါ ဂိတ်တို့ကို တော်လှန်ရေးပူးးပေါင်းတပ်တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နဲ့ ပျူစောထီး စုစုပေါင်း ၈ ဦးကတော့ အသီးသီး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article