ဒီကနေ့ မေ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ထိုးစစ်တွေ ဆင်နွှဲကျရမယ့်အခြေအနေကြောင့် တိုက်ပွဲအရှိန်အဟုန်မြင့်လာမယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။ ယမန်နေ့ မေလ ၂၇ ရက်နေ့က မြန်မာနိုင်ငံမှာ ဘေးကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက် ဘေးကင်းတဲ့ဆေးရုံတွေ တည်ဆောက်နိုင်ရန် ပါဝင်ကူညီလှူဒါန်းကြဖို့ ဖိတ်ခေါ်မှုမှာ ဦးမင်းကိုနိုင်က အခုလိုထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
- ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်း KNAL ပူးပေါင်းတပ်တွေတွေရဲ့ ချေမှုန်းမှုကြောင့် အများအပြားသေသွားသလို ၃၀ကျော် အရှင်မိထားပြီး ထိုင်းဘက် ထွက်ပြေးသွားသူတွေကိုလည်း ထိုင်းစစ်တပ်က ဖမ်းမိထားတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကင်းရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ ရွာလုံးကျွတ်ထွက်ပြေး နေရတယ်လို့ ဒေသပြည်သူတွေကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
