26 C
Yangon

ပြည်ကြီးတံခွန်မြို့နယ်မှ မောင်အောင်ကျော်ဦးကို စစ်မှုထမ်းရန် စစ်တပ်က လာရောက်ခေါ်ဆောင်သွားပြီးနောက် ၂ ရက်အကြာတွင် စစ်တပ်က အလောင်းလာယူရန် မိသားစုကို အကြောင်းကြား

Must read

ရန်ကုန်၊ မေ ၂၉

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ မောင်အောင်ကျော်ဦးကို စစ်မှုထမ်းရန် စစ်တပ်က လာရောက်ခေါ်ဆောင် သွားပြီးနောက် ၂ ရက်အကြာတွင် စစ်တပ်က အလောင်းလာယူရန် မိသားစုကို အကြောင်းကြားလာကြောင်း မောင်အောင်ကျော်ဦး၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းရပ်ကွက်၊ ၇၁ လမ်း၊ အမှတ် ၇၇ တွင် နေထိုင်သော ဦးသန်းငွေနှင့် ဒေါ်မိုခိုင်တို့၏ သားဖြစ်သူ မောင်အောင်ကျော်ဦးကို စစ်တပ်နှင့်ပျူစောထီးများက စစ်မှုထမ်း ရန် လာရောက် ခေါ်ယူသွားကြောင်း၊ ယင်းနောက် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က မောင်အောင်ကျော်ဦး သေဆုံးသွား၍ အလောင်းကို လာရောက်ယူဆောင်ရန် မိဘများဖြစ်ကြသည့် ဦးသန်းငွေနှင့် ဒေါ်မိုခိုင်တို့ကို အသိပေး ဆက်သွယ်လာကြောင်း၊ သေဆုံးမှုကို ကျန်းမာရေးမကောင်း၍ သေဆုံးသွားသည်ဟုသာ ပြောဆိုကြောင်း၊ မောင်အောင်ကျော်ဦးသည် မည်သည့် ရောဂါမှ မရှိဘဲ စစ်တပ်က ခေါ်ယူခဲ့ပြီးနောက် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မောင်အောင်ကျော်ဦးကို စစ်မှုထမ်းလာခေါ်တဲ့ ပျူစောထီးတွေကတော့ ဇော်မင်းထွန်း၊ မင်းဇော်ထက်၊ မောင်စိုး ကြည်လေး၊ ဖြိုးကျော်၊ စံရှား အပါအဝင် ပျူစောထီးတွေနဲ့ စစ်သားတွေက လာခေါ်သွားတာ။မေလ ၂၆ ရက်နေ့က ခေါ်သွားတယ်။ မေလ ၂၈ ရက်နေ့မှာ ဆုံးသွားလို့ အလောင်းလာယူခိုင်းတယ်” ဟု သေဆုံးခဲ့ရသူ မောင်အောင်ကျော်ဦး၏ ဆွေမျိုးတစ်ဦးက ရှင်းပြသည်။

စစ်တပ်က အလောင်း ပြန်လည်ပေးပို့ချိန်တွင် မောင်အောင်ကျော်ဦး၏ ကိုယ်ခန္ဓာတွင် ဒဏ်ရာဒဏ်ချက်များတွေ့ရှိရကြောင်း၊ အလောင်းကို ဓာတ်ပုံမရိုက်ရန်၊ လူမှုကွန်ရက်ပေါ် မတင်ရန်နှင့် သတင်းများပေါက်ကြားမှု မရှိစေရန် စစ်တပ်က ဖိအားပေးထားကြောင်း သိရှိရသည်။

“စစ်မှုထမ်းဆိုပြီး လပခ (နန်းတွင်း)ထဲ ခေါ်သွားပြီး ဆုံးသွားတာပဲ။ သတင်းမထွက်အောင် စစ်တပ်က ဖိအားပေးတယ်။ ဖုံးခိုင်းတယ်။ တစ်ခုခု ပြဿနာတက်လို့ ရိုက်သတ်လိုက်တယ်လို့ ယူဆရတယ်” ဟု သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက သုံးသပ်ပြောဆိုသည်။

စစ်မှုထမ်းခေါ်ဆောင်သူများကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု တချို့ ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းတွင်လည်း ၂၀၂၄ ခုနှစ် မတ်လအတွင်း စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်ခံရရင်း တိုက်ကြီးမြို့မှ အသက် ၂၇ နှစ်အရွယ် ကိုကိုလတ် ခေါ် အမာနွတ်လာသည် တပ်ရင်းထဲအရောက်တွင် နှိပ်စက်ခံရပြီး သေဆုံးခဲ့ရသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ် မတ်လအတွင်း စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်ခံရရင်း စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ တိုက်ကြီးမြို့မှ အသက် ၂၇ နှစ်အရွယ် ကိုကိုလတ် ခေါ် အမာနွတ်လာ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၄ ခုနှစ် မတ်လအတွင်း စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်ခံရရင်း စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ တိုက်ကြီးမြို့မှ အသက် ၂၇ နှစ်အရွယ် ကိုကိုလတ် ခေါ် အမာနွတ်လာ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article