26 C
Yangon

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရွှေအေးမြိုင်ဘုရားကုန်း စစ်စခန်းကို KNLA က ထပ်မံသိမ်းပိုက်၊ ယမန်နေ့ညပိုင်း သိမ်းပိုက်ခဲ့သော ကနဲလေးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ ၅၀ ကျော် ထိုင်းဘက် ထွက်ပြေး

Must read

ရန်ကုန်၊ မေ ၂၉

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရွှေအေးမြိုင်ဘုရားကုန်းစစ်စခန်းကို KNLA ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်၏ ကနဲလေးစခန်းကို သိမ်းပိုက်ပြီးနောက် ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရွှေအေးမြိုင်ဘုရားကုန်း စစ်စခန်းကိုပါ KNLA ပူးပေါင်းတပ်များက ထပ်မံ သိမ်းပိုက် လိုက်ကြောင်း သိရှိရသည်။

“ဒီမနက် ရွှေအေးမြိုင် ဘုရားကုန်း စခန်းကို ကနဲလေး ကနေ ပြန်ဆင်းလာ တဲ့ အဖွဲ့ ရယ်၊ အောက်က တက်ကူ တဲ့ ဆုံဆည်းမြိုင်က အဖွဲ့ တွေ ပေါင်းပြီး တက်ကြိတ်လိုက်တာ ရသွားပြီ။ အဲဒီစခန်းက စစ်ခွေးက ၅၀ လောက်တော့ ရှိမယ်” ဟု KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ညပိုင်းက KNLA က သိမ်းပိုက်ခဲ့သော ကနဲလေးစစ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ရှိပြီး စစ်သား ၅၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း၊ လက်ရှိတွင် ကနဲလေး စခန်း တိုက်ခိုက်သိမ်းပိုက်မှု သတင်းကို မကြာမီ KNU က တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

KNU က မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစစ်စခန်းနှင့် ဘလက်ဒိုစခန်းများ၊ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်စခန်းကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ် ၊ကျုံဒိုး၊ဖာပွန်၊ သံတောင် ဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA မဟာ မိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article