ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၈ လုံးပြာကျခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကို နဂါးလေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ကင်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်း ဝင်ရောက် စီနင်းချိန်တွင် ပြည်သူ အားလုံး ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းကြောင့် ဖမ်းဆီးခံရသူများနှင့် သတ်ဖြတ်ခံရသူများမရှိကြောင်း သိရှိရသည်။
“ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာတော့ မရှိပါဘူး။ စစ်ခွေး စစ်ကြောင်း ထိုးလာတယ်ဆိုတာသိရတော့ တိမ်းရှောင်ထားရတာပေါ့။ အရင်ကလည်း မင်းကွန်းက ခဏခဏ ကင်းရွာရဲ့တောင်ဘက် သင်္ဘောကျင်းဘက်ကို ထွက်တယ်လေ ပြည်သူတွေလည်း မနေရဲကြဘူးလို့ သိရတယ်။ အခုက ခွေးက မီးရှို့ပြီး ပြန်ထွက်သွားတာ” ဟု Wetlet Informational Network တာဝန်ခံ ကို နဂါးလေး က ပြောဆိုသည်။
စစ်တပ် စစ်ကြောင်းသည် ကင်းကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း ပြည်သူများသည် လက်ရှိချိန်ထိ ကြောက်လန့်နေသောကြောင့် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


