ဒီကနေ့ မေ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာရက္ခတပ်တော် AA နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆက်ဆံရေး အပေါ် စစ်ကောင်စီက ကန့်ကွက်မှုကြောင့် ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး နဲ့ စစ်သံမှူး တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူ လိုက်ပြီး နှစ်နိုင်ငံသံတမန်ရေးဟာ အတင်းမာဆုံးအခြေနေကို ရောက်ရှိနေတယ်လို့ ဘဂ်လားဒေ့ရှ် သတင်း တွေမှာ ဖော်ပြထားကြပါတယ်။
- တစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက် KIA နဲ့ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ TNLA က တရားဝင် ပြောလိုက်ပါတယ်။
- ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ကနဲလေး စခန်းကို KNLA ပူးပေါင်း တပ်တွေက မနေ့ကပဲ အပြီးသတ် သိမ်းပိုက်ပြီးတဲ့နောက် နောက်ထပ် ရွှေအေးမြိုင် ဘုရားကုန်း စခန်းကိုပါ ဒီကနေ့ မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာပဲ ထပ်မံသိမ်းပိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
