29 C
Yangon

တောင်သာမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၉

မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့၊ မင်္ဂလာဦးရပ် မင်္ဂလာဦးဂိတ်နှင့် တောင်သာမြို့၊ ဘူတာကုန်းရပ် ဝန်ထမ်း အိမ်ယာဝန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီးနောက် ယင်းနေ့ ညနေ ၄ နာရီခန့်တွင် တောင်သာမြို့၏အနီးရှိ Off-Take Gus Station တွင် စောင့်ကြပ်တပ်စွဲထားသော စစ်ကေင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားနှင့် ရဲ ၂ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူ မြင်းခြံခရိုင်တပ်ရင်း ၃ ၊ မိတ္ထီလာမြို့နယ် ပကဖ ၊ တပ်ရင်းမှူးရဲဘော် ကီး ဦးဆောင်သော နေပြည်တော် ၈၀၁ PDF တောင်သာစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article