ရန်ကုန်၊ မေ ၃၀
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် လေတပ် မိသားစုဝင် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူ၏ ဆွေမျိုးများ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်အချိန် မှော်ဘီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ လေတပ်မှ မိသားစုဝင်ဖြစ်သူ တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူ၏ဆွေမျိုးများ ဖွင့်လှစ်ထားသော ဆိုင်ခန်းတွဲ ၃ ခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်းထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူရဲ့ တစ်မျိုးလုံးက လေတပ်အငြိမ်းစားတွေပါ။ နောက်ပြီး ညီအငယ်ဆုံးကလည်း လက်ရှိ လေတပ်မှာ Y-8 မောင်းပြီး ခွေးဇာတ်ခင်းနေသူပါ။ အောင်သူရဲ့ ဆွေမျိုးတွေ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွဲ ၃ ခန်းကို လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA)နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်းလုပ်ဆောင်ခဲ့ပြီး လေတပ်တွင် တာဝန်ထမ်းဆောင်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ ဆွေမျိုးများကိုလည်း ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ မင်္ဂလာဒုံတွင် ပေါက်ကွဲမှုဖြစ်အပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
