ဒီကနေ့ မေ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာဆီယံဦးဆောင်မှုနဲ့ နိုင်ငံတကာပါဝင်တဲ့ စနစ်ကျတဲ့ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေး ယန္တရားမျိုးမရှိရင် အရပ်သားပြည်သူတွေကို ထိရောက်စွာ ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ NUG အစိုးရက တိုက်တွန်းပြောဆိုထားပါတယ်။
- အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သားတွေ ကြောက်ရွံ့နေပြီး စစ်မတိုက်ရဲတော့ဘူးလို့ KNLA ဆီကို အလင်းဝင်လာသူ စစ်မှုထမ်းတပ်သားသစ်တွေက ပြောဆိုလိုက်ပါတယ်။
- ပဲခူးတိုင်း၊ တောင်ငူခရိုင်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
