29 C
Yangon

တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာတောင်ခြေတွင် စစ်တပ်က ပြည်သူ ၂ ဦးကို လူမဆန်စွာ နှိပ်စက် သတ် ဖြတ်ပြီး နေအိမ်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၃၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာတောင်ခြေ၌ အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို လူမဆန် စွာ နှိပ်စက်သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်နှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေတာရှည် မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် တောင်ငူမြို့နယ်၊ လိပ်သို -တောင်ငူလမ်းပိုင်း၊ ထုံးဘိုကြီး ကျေးရွာမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၃ ဦး ကို ဓားစာခံဖမ်း ဆီးကာ ဒိုးနယ်ရွာတောင်ခြေကွန်ကရစ်လမ်းအတိုင်း စစ်ကြောင်းထိုးလာခဲ့ပြီး လမ်းထိပ်တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ရဲဇော် နှင့် အသက် ၃၃ နှစ်အရွယ် ကိုဖိုးလုံး တို့ကို ဖမ်းဆီး၍ လူမဆန်စွာ ရက် ရက်စက်စက်လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့နေအိမ်များနှင့် ဆိုင်ကယ် ၂ စီးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ထုံးဘိုကြီးကျေးရွာ ဘက်သို့ ပြန်ဆုတ် သွားကြောင်း သိရသည်။

“အသတ်ခံရတဲ့ ပြည်သူ ၂ ဦးအလောင်းပဲ ကျနော်တို့ ရပါတယ်။ ဖမ်းခံရတဲ့ ပြည်သူ ၃ ဦး သတင်း တော့မရပါဘူး။ အလောင်းတွေကို အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။ စခတွေက ထုံးဘိုကြီး ရွာဘက်ကို ပြန်တက်သွားတာပါ” ဟု ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခံထားရမှုနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်ကို ရေ တာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ ရဲဘော်များက နယ်မြေရှင်းလင်းရေးဆောင်ရွက် စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးအရ ရှုံးနိမ့်နေသည့်အတွက် ပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်တိုက်ကျူးလွန်နေခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ် စစ်ကြောင်းသတင်းများကို နားစွင့်ကာ ရှောင် တိမ်းနေထိုင်ပေးကြပါရန် တပ်ရင်း ၃၅၀၄ တပ်ရင်း၊ တပ်ခွဲ ၁ က သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article