ဒီကနေ့ မေ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက် လာတဲ့ KNLA ပူးပေါင်းတပ်တွေဟာ ဒီကနေ့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာပဲ နောက်ထပ် ထိုင်းမြန်မာ နယ်စပ် က စစ်ကောင်စီရဲ့ ဘုရင့်နောင် တပ်စခန်းကိုပါ နာရီပိုင်းအတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ပြန်ပြီလို့ KNLA သတင်းရင်းမြစ်ကပြောထားသလို ထိုင်းသတင်းတွေမှာလည်း ဖော်ပြထားကြပါတယ်။
- ကရင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ရဲ့ အခြေချ စခန်းတွေ တခုပြီးတစ်ခု အသိမ်းခံ နေရတဲ့အတွက် ဒေါနတောင်ပေါ်မှာရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ကွီးလယ်ဆူးကျေးရွာနဲ့ စာသင် ကျောင်းကို လေယာဉ်နဲ့လာပြီး ဗုံးကျဲသွားပြန်တဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာ ရထားပြီး ၁ ဦးက စိုးရိမ်ရတယ်လို့ KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မရဲစခန်းက အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရဲဒုတပ်ကြပ် မင်းမွန်စိုးဆိုသူကို တော်လှန်ရေး တပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိထားတယ်လို့ မြင်းခြံခရိုင် PDF အမှတ် – ၈ တပ်ရင်း က သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
