ရန်ကုန်၊ မေ ၃၀
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ်သင့် အ ဆောက်အအုံတစ်လုံးကို ဖြိုချရာမှ ဆလပ်ပြင်ပြိုကျပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၃၀ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း ၈၆ လမ်း နှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ် သင့်အဆောက်အဦး တစ်လုံးကို ဖြိုချနေစဉ် ဆလပ်ပြင် ပြိုကျပြီး အမျိုးသား ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့နေ့ခင်း ၁ နာရီလောက်ကပါ၊ ငလျင်ကြောင့် ပြိုကျတဲ့အဆောက်အအုံကို ဖြိုချနေတဲ့ အချိန်မှာ ဆလပ်ပြင် ပြိုကျပြီးတော့ ခြေထောက်ထိခိုက်ဒဏ်ရာရတာ၊ လူနာတွေက မစိုးရိမ်ရပါဘူး။ ဒဏ်ရာရ လူနာတွေကိုတော့ ဆေးရုံပို့ပေးလိုက်ပါတယ်” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်း ဒေသကြီးကော်မတီ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား ၂ ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်းဒေသကြီးကော်မတီ) ၊ ချမ်းအေးသာဇံမြို့နယ်ရုံးမှ လူနာတင်ကားဖြင့် မန္တလေးပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် တိမ်းစောင်းခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများ၊ တိုက်တာ၊ နေအိမ်များ မကြာခဏဆိုသလိုပြိုကျမှုဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီကလည်း ယင်း တိမ်းစောင်းအဆောက်အအုံများကို ဖြိုဖျက်ရန် အကူအညီမပေးနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



