27 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက သူတို့ဘက်ကနေ အပစ်ရပ်ကြေညာပြီး တစ်နိုင်ငံလုံးကို လေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေကိုကြတော့ ယာယီ အပစ်ရပ်ထား ပေးပါဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က ပြောလာပြန်ပါတယ်။
  • ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်က မြ၀တီမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မော်ခီးတပ်စခန်းကိုပါ KNLA ပူးပေါင်းတပ်တွေက ဒီကနေ့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာပဲ ထပ်မံ သိမ်းပိုက်လိုက်ပြီး ဒီကနေ့ တစ်မနက်တည်းမှာတင် စစ်ကောင်စီရဲ့ ဘုရင့်နောင် တပ်စခန်း နဲ့ မော်ခီး တပ်စခန်း ၂ ခုကို ဆက်တိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လုံခြုံရေးတွေတင်းကျပ်ထားတဲ့ ကြားက မှော်ဘီ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ် မိသားစုဝင် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူရဲ့ ဆွေမျိုးတွေ ဖွင့်လှစ်ထားရာ ဆိုင်ခန်းတွဲ ၃ ခန်းကို ရန်ကုန် မြို့ပြတော်လှန်ရေး ရဲဘော်တွေက လက်ပစ် ဗုံး ၃ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်မှာနေတဲ့ လေတပ်မိသားစုတွေ အနေနဲ့ လုံခြုံမယ်မထင်နဲ့လို့ Yangon Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article