ရန်ကုန်၊ ဇွန် ၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အရပ်ဝတ်ဖြင့် ပြည်သူပိုင်ကားများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း The Phoenix Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်တွင် မုံရွာမြို့ အထက ၁ စာသင်ကျောင်းမှ အရပ်ဝတ်ဖြင့် ထွက်လာပြီး ပြည်သူပိုင် ကားများထံမှ ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သား ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးလုံးသေဆုံးပြီး ၎င်းတို့ စီးနင်းနေသည့် ဆိုင်ကယ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်ရရှိခဲ့ကြောင်း သိရှိရသည်။
“မုံရွာမြို့ အထက ၁ စာသင်ကျောင်းကနေ ထွက်လာတဲ့ ပြည်သူပိုင် ကားတွေကို ဂုတ်သွေးစုတ် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ တပ်သား ၂ ကောင်ကို ကျနော်တို့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၂ ကောင်လုံး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်” ဟု The Phoenix Army အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို The Phoenix Army ၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃ နှင့် မုံရွာခရိုင်အမှတ် ၁၅ တပ်ရင်း တပ်ခွဲ၅ တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



