25 C
Yangon

ငါန်းဇွန် မြို့နယ် နဘဲပင်ရွာနှင့် ကျောက်တိုင်ရွာကို စစ်တပ်က ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ ၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၂

မန္တလေးတိုင်း ငါန်းဇွန် မြို့နယ် နဘဲပင်ရွာနှင့် ကျောက်တိုင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းများ၊ လက်နက် ကြီးများဖြင့် ပစ်ခတ်နေ၍ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် အကြမ်းဖက်စစ်သားများက ဒရုန်းများ ၊ လက်နက်ကြီးများနှင့် ပစ်ခတ်နေ၍ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိုးများ ရွာသွန်းနေသည့်အတွက် ပြည်သူများမှာ မိုးရေများကြား တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိသားစုဝင် ၃ ဦးထိခိုက်သွားတယ်။ ထိခိုက်သူထဲမှာ ကလေး ၁ ဦးလည်းပါတယ်။ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ကျောက်တိုက်ရွာကို ဒရုန်းများဖြင့် ဗုံး ၁၀ လုံးခန့် ကျဲချခဲ့ပြီး နဘဲရွာကိုလည်း ဗုံး ၅ လုံးခန့် ကျဲချခဲ့ကာ လက်ရှိအချိန်အထိလည်း တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုသင်တန်းကို လေ့လာသင်ယူနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုသင်တန်းကို လေ့လာသင်ယူနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article