26 C
Yangon

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ကိုရင် ၂ ပါးနှင့် ပြည်သူ ၃ ဦး ထွက်ပြေးလာပြီး တော်လှန်ရေးတပ်များထံတွင် ခိုလှုံ

Must read

ရန်ကုန်၊ ဇွန် ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ကိုရင် ၂ ပါးနှင့် ပြည်သူ ၃ ဦးတို့ ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်များထံတွင် ခိုလှုံလာ ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

မေလ ၃၀ ရက်နေ့ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာအတွင်းနေထိုင် ကိုရင် ၂ ပါးနှင့် ပြည်သူ ၃ ဦး တို့သည် ကန်နီကျေးရွာနေပျူစောထီးများ၏ ဖိနှိပ်မှုကြောင့် မလုံမခြုံခံစားလာရသည့်အတွက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းထံ ချိတ်ဆက်ကာ ခိုလှုံလာခဲ့ ကြောင်း သိရသည်။

“ထွက်ပြေးလာရတဲ့အကြောင်းအရင်းက မလုံခြုံတာ၊ အစားအသောက် ငတ်ပြတ်တာ၊ နောက်ပြီး တော့ ပျူတွေအချင်းချင်း စိတ်ဝမ်းကွဲပြီး ပုန်ကန်စပြုနေတဲ့အတွက်ကြောင့်ပါ။ လုံခြုံရေးအရမို့ ခိုလှုံလာတဲ့သူတွေရဲ့ နာမည်တွေ ပြောပြလို့မရပါဘူး။ ကျနော်တို့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းအနေနဲ့ လိုအပ်တာတွေ ကူညီပေးပြီး ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ ထိန်းချုပ်ခံထားရသည့် ပြည်သူများ နေဖြင့် အမြန်ဆုံးဘေးလွတ်ရာနေရာသို့ ခိုလှုံကြရန်နှင့် အလင်းဝင်ရောက်လိုသူ ပျူစောထီးများကို နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း၊ မကြာမီအချိန်အတွင်း ပျူစောထီးစခန်းများကို တိုက်ခိုက်သိမ်း တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article