ရန်ကုန်၊ ဇွန် ၂
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ စော်ဝရွာ သစ်ဆိမ့်ပင် ဘုန်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ ပျံလွန်တော်မူခဲ့ကြောင်း ဆရာတော်၏ဒကာ၊ဒကာမ သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်အချိန် ထားဝယ်မြို့ပေါ်တ္ငင် တပ်စွဲထားသော စစ်တပ်နှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထားဝယ်မြို့နယ်အတွင်းရှိ ရှင်မုတ္ထီးကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး အလုံးရေ ၁၀၀ ကျော်ဖြင့် တစ်နေကုန် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများသည် စော်ဝရွာ သစ်ဆိမ့်ပင် ဘုန်ကြီးကျောင်းကို ထိမှန်ခဲ့ပြီး သက်တော် ၆၆ နှစ်၊ ဝါတော် ၄၆ ဝါ ရှိ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ လက်နက်ကြီး ကျည်ထိမှန်ကာ ပျံလွန်မူခဲ့ကြောင်း သိရှိရသည်။
“မနေ့က စစ်ခွေးတွေက ထားဝယ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ အဲဒါ လက်နက်ကြီးကျည်က စော်ဝသစ်ဆိမ့်ပင်ကျောင်းထဲကို ကျရောက် ပေါက်ကွဲလို့ ဆရာတော် ပျံလွန်မူသွားတယ်။ မနေ့က ညနေ ၃ နာရီကျော်လောက်ကဖြစ်တာ ထားဝယ်မြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေနဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနရုံးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ပစ်တာပေါ့။ လက်နက်ကြီးက မနေ့က တစ်နေကုန်လုံးကိုပစ်တာ အလုံးပေါင်း ၁၀၀ ကျော်တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်ကပြောဆိုသည်။
လက်ရှိအချိန်တွင် ရှင်မုတ္ထီးကျေးရွာအုပ်စုအတွင်းကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရောက်ရှိနေကြောင့် ကျေးရွာများ ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


