26 C
Yangon

စစ်လေယာဉ်များက သေ့ဘောဘိုးစခန်း မကျစေရန် ဗုံးကျဲခုခံစဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသွားခဲ့ပြီး ကျန်စစ်သားများ အားလုံး အလံဖြူထောင်လက်နက်ချ

Must read

ရန်ကုန်၊ ဇွန် ၄

ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစခန်းကို KNLA တပ်များက ယမန်နေ့ အပြင်းအထန် ထိုးစစ်ဆင်စဉ် သေ့ဘောဘိုးစခန်း မကျစေရေး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲခုခံခဲ့စဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးသွားခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် KNLA ပူးပေါင်းတပ်များက သေ့ဘောဘိုးစခန်းကို အပြီးသတ် တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းသို့ မသိမ်းပိုက်နိုင်မီ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် အဆက်မပြတ် ခုခံဗုံးကျဲပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် စစ်လေယာဉ်များက ၎င်း၏ တပ်ဖွဲ့ဝင်များအပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးခဲ့ပြီး ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း လက်နက်ချ အညံ့ခံ အလံဖြူထောင်ခဲ့ကြကြောင်း၊ ထို့နောက် KNLA ပူးပေါင်းတပ်များက သေ့ဘောဘိုးစခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ကနဦးသိရတာက တိုက်လေယာဉ်တွေက ဗုံးမှားကျဲတာ သေ့ဘောဘိုးစခန်းက ၃၀ လောက် သေဆုံးတယ်။ သူတို့စစ်ကူပစ်ခတ်တာတွေက သူတို့ လူပြန်ထိတယ်လို့ သိရတယ်” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်မှ သေဆုံးမှုမရှိဘဲ ရဲဘော် ၄ ဦး ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို တော်လှန်ရေးတပ်များက ရရှိသွားပြီဖြစ်၍ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ တပ်စခန်း ၄ ခု သာကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဥကရစ်ထ၊ ဝေါ်လေဗျူ ဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့ဖြစ်ကြောင်း သိရှိရသည်။

KNU က မတ်လ၊ ဧပြီလနှင့် မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်းတို့ကို ဆက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ပြီး ယမန်နေ့ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် မေလအတွင်းကလည်း သေ့ဘောဘိုး စခန်းကို ကော်ဘရာစစ် ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော တော်လှန်ရေးတပ်များက ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။

ဓာတ်ပုံ – ယမန်နေ့ သေ့ဘောဘိုးစခန်းကို စစ်လေယာဉ်များက ဗုံးကျဲချစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ သေ့ဘောဘိုးစခန်းကို စစ်လေယာဉ်များက ဗုံးကျဲချစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article