26 C
Yangon

စဉ့်ကူးမြို့မြသိန်းတန်ဘုရားနှင့်ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် မှု ဘုန်းကြီးကျောင်းဆောင် ၂ လုံးထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနှင့် ဘုန်းကြီးကျောင်းကို စစ်တပ် တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စဉ့်ကူးမြို့ပေါ်ရှိ မြသိန်း တန်ဘုရားနှင့် ဘုန်းကြီးကျောင်းကို ဦးတည်ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာဘုန်းကြီးကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲတယ်ဆိုတာက ပြည်သူတွေအပေါ်ကြည့်ပါတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး နိုင်ငံတကာမှာ အသံကြားကောင်းအောင်လုပ်တာပေါ့၊ တကယ်တော့ ပြည်သူ တွေနေတဲ့နေရာကိုပဲ လေ ကြောင်းကနေတိုက်ခိုက်နေတာ၊ လေကြောင်းကနေတိုက်ခိုက်ပြီး ပြည်သူ တွေကို သတ်ဖြတ်နေတာပါ၊ စာသင် ကျောင်းတွေကျဲ၊ဘုးန်ကြီးကျောင်းတွေကျဲတယ်၊ ဒါတွေက ပြည် သူတွေပဲ ခိုလှုံနေတဲ့နေရာပေါ့၊ ဒါက ကလေးတွေ ၊ ပြည်သူတွေကို သတ်ဖြတ်နေတာပါပဲ၊ ဒါတွေကို ပြည်သူတွေလည်း သိသင့်ပြီလို့ထင်တယ်။ စစ်ကောင်စီထောက်ခံအားပေးနေတဲ့ ပြည်သူတွေလည်း အမှန်ရသင့်နေပြီလို့ ပြောချင်ပါတယ်” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကားသည်။

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီနှင့်ဝေးသောနေရာများတွင် နေထိုင်ကြရန်၊ လေကြောင်းရန် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန်နှင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့အစည်းများ၏ လေ ကြောင်း ရန် ကာကွယ်ရေးအတွက် သတိပေးထုတ်ပြန်ချက်များကို လိုက် နာပေးကြပါရန် တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article