26 C
Yangon

ရှမ်းမြောက်တွင် မေလအတွင်း အပစ်ရပ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးနှင့် ဗုံးပေါင်း ၁၂၁၉ လုံးဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မေလအတွင်း အပစ်ရပ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက် ကြီးနှင့် ဗုံးပေါင်း ၁၂၁၉ လုံး ပစ်ခတ်ခဲ့၍ ပြည်သူ ၈ ဦးသေဆုံးခဲ့ကြောင်း TNLA က ယနေ့ သတင်းထုတ်ပြန် သည်။

မေလတစ်လအတွင်း အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်u နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့တွင် လေ ကြောင်းဖြင့် ၂၆ ကြိမ်၊ လက်နက်ကြီး ၇၇၆ လုံး၊ ဒရုန်းဖြင့် ဗုံး ၃၂၉လုံးနှင့် အဆိပ်ငွေ့ဗုံး ၁၁၄ လုံးတို့ကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု ၈ ဦး သေဆုံးပြီး ပြည်သူ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က နောင်ချိုမြို့နယ်ရှိ ကျေးရွာများနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA တည်ရှိရာများကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူလူထု ၆ ဦးသေဆုံးခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိသည့်အပြင် နေအိမ် (၈)လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့ကိုလေကြောင်းဖြင့် ၂ ကြိမ် လာရောက်တိုက်ခိုက်မှုခဲ့ပြီး ပြည်သူလူထုနေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ မိုးကုတ်မြို့ကိုလည်း လေကြောင်းဖြင့် ၆ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင်နေအိမ် ၁၈ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ မိုင်းငေါ့မြိုနယ်ကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁ ကြိမ် ၊ မိုင်းလုံမြိုနယ်ကိုလည်း လေကြောင်းဖြင့် ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း၊ မန်တုံမြို့ကိုလည် စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၇ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယခုအခါ စစ်တပ်က ဇွန်လ ၁ လလုံးကိုလည်း အပစ်ရပ်ကြေညာထားသော်လည်း လက်ရှိ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်တွင် ထိုးစစ်ဆင်ခြင်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း တော်လှန်ရေး တပ်များက သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article