26 C
Yangon

တော်လှန်ရေးတပ်ထံတွင် အလင်းဝင်သောအခါ သေမည့်နေ့ ထိုင်စောင့်ရသကဲ့သို့ မဟုတ်တော့ဘဲ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရရှိဟု အလင်းဝင် စစ်မှုထမ်းတပ်သား မောင်ဖြိုးနှင့်ဇင်ကိုကိုက ပြောဆို

Must read

ရန်ကုန်၊ ဇွန် ၄

ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်သောအခါ စစ်တပ်အတွင်း ရှိနေစဉ် ခံစားခဲ့ရသော သေမည့်နေ့ ထိုင် စောင့်နေရသကဲ့သို့မဟုတ်တော့ဘဲ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရရှိလာကြောင်း KNLA ထံတွင် အလင်းဝင်ရောက်ခဲ့သည့် အောင်ဇေယျစစ်ကြောင်းမှ စစ်မှုထမ်း တပ်သား ၂ ဦးက ပြောဆိုသည်။

စစ်မှုထမ်းတပ်သား မောင်ဖြိုးသည် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၂ တပ် ရင်း အောင်ဇေယျစစ် ကြောင်း တွင် စနိုက်ပါတွဲဖက်အဖြစ် တာဝန်ယူခဲ့ရပြီး အစကတည်းကပင် စစ်တပ်အတွင်းဝင်ရောက် ချင်၍ မဟုတ်ဘဲ ပေါ်တာဆွဲခံရသဖြင့် ဝင်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အလင်းဝင်ခဲ့ရခြင်း သည် ကိုယ့်အတွက် ရွေးချယ်စရာရှိသည်ဟု အသိလေးဝင်လာသဖြင့် စနိုက်ပါတစ်လက်၊ MA1 အမျိုး အစားသေနတ် ၁ လက်တို့ယူဆောင်ကာ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စကစတပ်ထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့လို့ ။ မင်းတို့ ထင် သလို သေမယ့်နေ့ကို ထိုင်စောင့်နေရတာမျိုး မဟုတ်ပါဘူးလို့ ။ မင်းတို့ တကယ်လို့ ရွေးချယ်ချင် တယ်ဆိုရင် မင်းတို့ အရာရှိ၊ ငါတို့ စီနီယာတွေ၊ ငါတို့ရဲ့ ဆရာကြီးတွေ ပြောတဲ့ကိစ္စတွေ၊ စကားတွေ က အမှန်တွေချည်းပဲ မဟုတ်ပါဘူးလို့။ မင်းတို့ ထင်ထားတာ မင်းတို့ မျှော်လင့်ထားတာ အဲဒါတကယ် ပါပဲလို့။ မင်းတို့ တွေးနေတဲ့ဟာက တကယ်ပဲ ရှိပါတယ်လို့ ။ အခုလက်ရှိ ငါတို့ကိုပဲ ကြည့်ပါလို့၊ ငါတို့ ဘယ်လိုနေနေရတယ်၊ ဘယ်လိုထိုင်နေရလဲဆိုတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ အရပ် သား လောကကြီးရဲ့စကားကို ပြောရမယ်ဆိုရင် ငါတို့သည် အခု ထင်တဲ့ဟာကို ဖြစ်နိုင်မယ်ထင်တဲ့ ဟာကို ငါတို့ လုပ်ခဲ့တယ်။ ငါတို့ ဘယ်လိုနေထိုင်ခဲ့သလဲဆိုတာ မင်းတို့တွေ အကုန်လုံး သိပါတယ်။ ငါတို့အခုအချိန်မှာ ငါတို့ထင်တဲ့အတိုင်း ဖြစ်သင့်တယ်ဆိုတာကို ငါတို့ လုပ်လိုက်တယ်။ အခု ဆန့်ဆန့် ကြီးနဲ့ ခန့်ခန့်ကြီး နေလို့ရနေပါပြီဆိုတဲ့အကြောင်းကို ကျွန်တော် ပြောချင်ပါတယ်။ အဲဒါကြောင့်မို့ မင်းတို့ လုပ်ယူရင် လုပ်ယူလို့ရတယ်ဆိုတဲ့အကြောင်းလေး ပြောချင်ပါတယ်” ဟု အလင်းဝင်လာ သည့် စစ်မှုထမ်းတပ်သား မောင်ဖြိုးက ပြောကြားသည်။

တော်လှန်ရေးတပ်များထံသို့ စတင်အလင်းဝင်ရောက်လာစဉ် KNLA နှင့် PDF ရဲဘော်များက နွေးထွေးစွာကြိုဆိုခဲ့ကြောင်း၊ ပေါ် တာ ဆွဲခံရပြီး စစ်တပ်အတွင်းရောက်ရှိလာခဲ့ကာ အတွေ့အကြုံမရှိသဖြင့် စိုးရိမ်ခဲ့သော်လည်း တွေး ထင်မထားနိုင်လောက်အထိ နွေးထွေးစွာကြိုဆိုခြင်းခံခဲ့ရသည်ဟု ဆိုသည်။

“ပေါ်တာဆွဲခံရတာ။ ရန်ကုန်မှာ ညဘက်အချိန်မတော်သွားရင်းနဲ့ ပေါ်တာဆွဲခံရတာ။ ပေါ်တာဆွဲခံ ရတာက ပတ်ကင်းကားနဲ့ တွေ့သွားတော့ ကျွန်တော်တို့ လက်နက်ပါတော့။ လက်နက်ဆိုတာ ဓား မြောင်လေး တစ်ချောင်းပါတော့ အဲဒီ ဓားမြောင်တစ်ချောင်းနဲ့ ၁၉(၅) နဲ့ ထောင်ချမလား ၊ စစ်တပ်ထဲ ဝင်မလားဆိုတော့ စစ်တပ်ထဲဝင်လိုက်တာပါ။ ဘာလို့ အလင်းဝင်လဲဆိုတော့ ကျွန်တော်တို့ စစ်တပ် ထဲ ကိုယ့်သဘောဆန္ဒနဲ့လည်း ကိုယ်ဝင်တာ မဟုတ်ဘူးဆိုတော့ ၊ သူများတကာကိုလည်း ကျွန်တော် တို့ မပစ်ချင်ဘူး။ ကျွန်တော်တို့လည်း အပစ်မခံချင်ဘူး။ အဲဒါကြောင့်မို့ အလင်းဝင်လိုက်တာဗျ။ MA 3 တစ်လက်ရယ်၊ခဲယမ်းတွေရယ်ယူလာခဲ့တယ်။” ဟု စစ်မှုထမ်းတပ်သား ဇင်ကိုကိုက ၎င်းကြုံတွေ့ခဲ့ရ မှုများနှင့်ပတ်သက်၍ ရှင်းပြသည်။

စစ်ကောင်စီတပ်က အတင်းအဓမ္မပေါ်တာဆွဲခံရသူ စစ်မှုထမ်းတပ်သားများအနေဖြင့် ကိုယ်ပိုင်အသိ စိတ်၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ကာ တော်လှန်ရေးတပ်ဖွဲ့ထံချိတ်ဆက်အလင်းဝင်ရောက် ကြရန်နှင့် စစ်ကောင်စီတပ်အတွင်းက အထက်အရာရှိများ၏ ပြောဆိုချက်သည် ဝါဒဖြန့်ချိရေးသက် သက်သာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက နွေးထွေးစွာကြိုဆိုသည်ကို အသိပေးလို့ကြောင်း၊ ထို့ ကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်ကြရန် အလင်း ခဲ့သည့် စစ်မှုထမ်းတပ်သားများက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article