26 C
Yangon

ဒီးမောဆို၊ စဉ့်ကူးနှင့် သပိတ်ကျင်း တို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ဆေးပြား အလုံးရေ တစ်သောင်းခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆို DMO Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဒီးမော့ဆိုမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆို DMO Local PDF တပ်ဖွဲ့ နှင့် KNPLF (ကလလတ) တပ်ဖွဲ့တို့မှ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းပြီး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး (WY) ဆေးပြား အလုံးရေတစ်သောင်းခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိချိန်တွင် မူးယစ်ဆေးဝါးကြောင့် လူငယ်အများအပြား ခိုးမှု၊ လုယှက်မှု၊ ဖောက်ထွင်းမှုများစွာ ဖြစ်ပေါ်နေပြီး မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသော တရားခံများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးများတွေ့ရှိမှုနှင့် တိုင်တန်းမှုများရှိလာပါက ဆက်လက်ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ဖမ်းဆီးထားတဲ့သူတွေကို အမှု အကြီး အမူအသေးပေါ် မူတည်ပြီး ချုပ်နှောင်ထားတာပဲရှိ သေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘယ်လိုပုံစံနဲ့ အရေးယူမလဲ ဆိုတာတော့ အသေးစိတ်ပြောလို့တော့ မရသေးဘူး။ သုံးစွဲတဲ့ သူကျတော့ မူးယစ်ဆေး ထိန်းသိမ်းထားမယ်ပေါ့။ မူးယစ်ဆေး ပြတ်သွားရင် ပြန်လွှတ်ဖို့တော့ အစီစဉ်ရှိတယ်။ ရောင်းဝယ် ဖောက်ကားတဲ့သူကျတော့ ကျွန်တော်တို့ တစ်မျိုးတော့ စဉ်စားရမယ် တစ်မျိုး တစ်ဖုံတော့ အရေးယူမယ် သဘောမျိုးမှာ ရှိတယ်” ဟု ဒီးမောဆို DMO Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇွန်လ ၂ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် တို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ၆၇၆၂၆ လုံးကျော်ခန့်ကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၃၁ ရက်နေ့ကလည်း မတ္တရာမြိုနယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မတ္တရာမြိုနယ် ပအဖ ပလဖ တာဝန်ခံများ ၊ ဌာနဆိုင်ရာ ရေးရာတာဝန်ခံများ ပူးပေါင်းကာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှိဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ ၊ သုံးစွဲသူများကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article