ရန်ကုန်၊ ဇွန် ၄
အကြမ်းဖက် စစ်ကောင်စီက ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်မျက်လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပိုင်ကားများကို ထပ်မံ မီးရှို့ဖျက်ဆီးပြီး ဝန်ထမ်းများကို ရိုက်နှက်ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
ယနေ့ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်း စစ်ကောင်စီက ဖားကန့်မြို့နယ်၊ လုံးခင်း၊ မှော်စီဇာကျောက်မျက်လုပ်ကွက်အတွင်းရှိ ကျောက်တူးဖော်ရေး ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်ကာ ကားများကို မီးရှို့ခြင်း၊ ကုမ္ပဏီဝန်ထမ်းများကို ဖမ်းဆီး ရိုက်နှက်စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ ကျောက်မျက်ကုမ္ပဏီဝင်းတွေထဲဝင်ပြီး ဖမ်းတယ် ဆီးတယ်။ ကားတွေကို မီးရှို့တယ်။ ဝန်ထမ်းတွေကို ရိုက်နှက်တယ်။ သောင်းကျန်းနေကြတာ။ မနေ့က ယမ်းဂိုဒေါင် ပေါက်ကွဲဖြစ်ပွားတဲ့နေရာမှာ စစ်တပ်က ဝင်လုပ်နေတာ ” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
ဖားကန့်ဒေသသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် မေလ ၃၁ ရက်နေ့ကတည်းက စစ်ကောင်စီက ကျောက်မျက်လုပ်ကွက်များတွင် ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ ယနေ့ဖျက်ဆီးမှုများ အပါအဝင် ၃ ရက်မြောက်အဖြစ် ဖျက်ဆီးမီးရှို့များကို လုပ်ဆောင်နေခြင်းဖြစ်သည်။
မေလ ၃၁ ရက်နေ့တို့တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှောင်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် ကားများနှင့် ကျောက်မျက်လုပ်ကွက် အဆောက်အအုံများကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ၁၁၁ ကုမ္ပဏီဝင်းအတွင်းမှ လုပ်ငန်းသုံးကားများကိုနှင့်ဘက်ဟိုးများကို မီးရှို့ ဖျက်ဆီးခြင်း၊ ယမန်နေ့ ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တင်အောင်ကြိုင် ကျောက်မျက်လုပ်ကွက်အတွင်းရှိ ယမ်းဂိုဒေါင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း စသည့် အဖျက်လုပ်ရပ်များကို စစ်ကောင်စီတပ်က ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



