ရန်ကုန်၊ ဇွန် ၅
မြန်မာနိုင်ငံသားများသည် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရောက်ခွင့် လုံး၀ ကန့်သတ်ခံရသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ပါဝင်ကြောင်း၊ အာဖဂန်နစ္စတန်၊ မြန်မာ (ဗမာ)၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာရီယယ်ဂီနီအီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင် စုစုပေါင်း နိုင်ငံပေါင်း ၁၂ ခုမှ နိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့် လုံး၀ အပြည့်အ၀ ကန့်သတ်လိုက်ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် တစ်စိတ်တစ်ပိုင်း ကန့်သတ်ခံရသည့် နိုင်ငံပေါင်း ၇ ခုရှိပြီး ယင်းနိုင်ငံများတွင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့ပါဝင်ကြောင်း သိရှိရသည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် တရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများ ၊ အမိန့်မတိုင်မီ ထုတ်ပေးပြီးသောဗီဇာကိုင်ဆောင်သူများ၊ တချို့သောဗီဇာအမျိုးအစားများနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ပေးသည့် လူပုဂ္ဂိုလ်များအတွက် ခြွင်းချက်အနေဖြင့် အမေရိကန်သို့ နေထိုင် ဝင်ရောက်သွားလာခွင့် ဆက်လက် ခွင့်ပြုထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – အမေရိကန်သမ္မတအဖြစ် တာဝန်ယူအပြီး ဖေဖော်ဝါရီလတွင် သမ္မတထရမ့်က လက်မှတ်ရေးထိုးထားသည့် အမိန့်တစ်ခုကို ပြသနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
