ရန်ကုန်၊ ဇွန် ၅
နေပြည်တော်အနီးတွင် ယနေ့ နံနက်ပိုင်း ငလျင်လှုပ်ခတ်မှု ပြည်သူများ သိသာစွာခံစားရပြီး နေအိမ်ပေါ်မှ ပြေးဆင်းရကြောင်း နေပြည်တော်မှ ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ နံနက် ၈ နာရီ ၁၁ မိနစ်အချိန် နေပြည်တော်၊ ပျဉ်းမနားနှင့်ပတ်ဝန်းကျင်ဒေသများတွင် ငလျင်သိသာစွာ လှုပ်ခတ်သွားကြောင်း၊ နေအိမ်များ ယိမ်းထိုးသွားပြီး ငလျင်လှုပ်ခတ်ချိန် မြေကြီးလှုပ်ရှားသည့် ကျယ်လောင်သောအသံပါ ကြားရကြောင်း နေပြည်တော်၊ရွှေကြာပင်ရပ်ကွက်တွင် နေထိုင်သူ ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ပြင်းအား ၄ လောက်တော့ရှိမယ်ထင်တယ်။ တော်တော်သိသိသာသာ လှုပ်တာ။ လူတွေလည်း အကုန်ပြေးထွက်လာကြတာ။ ကိုယ်တင်မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲက လူတိုင်း ပြေးထွက်လာရတာ။ လှုပ်တဲ့အချိန်တော့ တိုတယ်။ ဒါပေမယ့် လှုပ်သွားတာ ကြမ်းတာ” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ ဇွန်လ ၄ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်အချိန်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး ၊ မြေအောက်အနက် ၃ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်၊ ပျဉ်းမနားတစ်၀ိုက်မှ ပြိုကျနေသော နေအိမ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
