27 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက နိုင်ငံသားတွေအနေနဲ့ အမေရိကန်နိုင်ငံကို ခရီး သွားဝင်ရောက်ခွင့် တားမြစ်တဲ့ အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုးလိုက်ပြီး မြန်မာနိုင်ငံသားတွေကို အမေရိကန်ဝင်ရောက်ခွင့် လုံး၀ ကန့်သတ်လိုက်တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
  • အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ညွန်ကြားချက်အရ ပြည်တွင်းက ဘုန်းကြီးကျောင်း နဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ လက်ခံမထားဖို့အပြင် ၊ သာသနာအမှတ်တံဆိပ်နဲ့ လိုင်စင်မဲ့ကားတွေ ၊ ဆိုင်ကယ်တွေ မစီးဖို့ ပြည်နယ်/တိုင်းသံဃာနာယကအဖွဲ့တွေက ညွှန် ကြားချက်ထုတ်ပြန်လာပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တစ်ဝိုက်မှာ ဒီကနေ့ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ ငလျင်လှုပ်ခတ်မှုဖြစ်ပွာခဲ့ပြီး ပြည်သူတွေ သိသိသာသား ခံစားရပြီး နေအိမ်ပေါ်ကနေ ပြေးဆင်းရတယ်လို့လည်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့က အမှတ် ၇ ရပ်ကွက်မှာ စစ်တပ်အားကိုးနဲ့ ပြည်သူတွေကို အနိင်ကျင့်ဖိနှိပ် ခြိမ်းခြောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး လှဝင်း ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article