26 C
Yangon

စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် သေ့ဘောဘိုးစခန်းမှ အလံဖြူထောင် လက်နက်ချသူများနှင့် ထွက်ပြေးသွားသူများ ထိုင်းဘက်ကမ်းမှတစ်ဆင့် မြ၀တီ ၂၇၅ တပ်အတွင်းသို့ ပြန်လည်ရောက်ရှိ

Must read

ရန်ကုန်၊ ဇွန် ၅

အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် သေ့ဘောဘိုးစခန်းမှ အလံဖြူထောင် လက်နက်ချသူများနှင့် ထွက်ပြေးသွားသူများ ထိုင်းဘက်ကမ်းမှတစ်ဆင့် မြ၀တီသို့ ပြန်လည်ရောက်ရှိသွားကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆို ပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် လက်နက် ချ အလင်းဝင်ခဲ့ပြီး ထွက်ပြေးသွားသူ စစ်သား ၂၀ ဦးနီးပါးရှိကြောင်း ၊ လက်နက်ချ အလင်းဝင်သူများသည် ညှိနှိုင်း၍ ထိုင်းဘက်အခြမ်းသို့ ကူးသန်းသွားခဲ့ကြောင်း၊ ထိုင်းဘက်အခြမ်းသို့ ရောက်ရှိနေသူ စုစုပေါင်း အင်အား ၇၀ ဝန်းကျင်မှာ ဇွန်လ ၃ ရက်နေ့ ညပိုင်း စစ်ကောင်စီလက်အောက်ခံ BGF ၁၆ ဂိတ်မှတစ်ဆင့် မြ၀တီမြို့နယ်ဘက်သို့ ကူးသွားခဲ့ကြောင်း သိရှိရသည်။

“သေ့ဘောဘိုးစခန်းမှာ အလံဖြူ ထောင်တဲ့အဖွဲ့တွေက လွတ်မြောက်ရာကို ဆုတ်သွားပြီး ထိုင်းဘက်ကူးသွားတယ်။ ဇွန်လ ၃ ရက်နေ့ ညပိုင်း မှာ စစ်ခွေး ဗျူဟာမှုးအပါ ၇၀ ကို BGF အမှတ် ၁၆ ဂိတ်ကနေ မြ၀တီ ၂၇၅ တပ်ကို ပို့ဆောင်တယ်။ အဲဒီအထဲမှာ စစ်ခွေး ၉ ဦးက ဒဏ်ရာနဲ့ ဆေးရုံတင်ထားတယ်။ အဲဒီစခတွေ ထိုင်းဘက်ကမ်း ကူးတဲ့အခါမှာ လက်နက် ခဲယမ်းပစ္စည်းအကုန် ထိုင်းကသိမ်းတယ်။ လူတွေပဲ မြန်မာဘက်ကို ပြန်ပို့ပေးတယ်” ဟု ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ မြ၀တီမြို့နယ်၊ ၂၇၅ တပ်အတွင်း ထိုင်းဘက်မှ ထွက်ပြေးလာသော ထိုင်းပြန် စစ်သား ၃၀၀ ဝန်းကျင်ရှိနေကြောင်း၊ အဆို ပါ မြို့စောင့်တပ် ၂၇၅ အတွင်း ရှီနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်စုဖွဲ့ပြီး သင်္ဃန်းညီနောင် ဗျူဟာစခန်းကို ပြန် လည် သိမ်းရန်ရှိနေသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ ဇွန်လ ၄ ရက်နေ့ ညပိုင်း မြ၀တီမြို့နယ်၊ ခလရ ၂၇၅ အတွင်းသို့ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“မြဝတီ ၂၇၅ ထဲကို တော်လှန်ရေးတပ်က ဒရုန်းနဲ့ ဗုံးသွားကျဲတာ ၂ လုံး။ အဲဒီမှာ စခတွေပေါ် တည့်တည့်ကျတယ်လို့ သိရတယ်။ အထိအခိုက်ရှိနိုင်တယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – ယခုရက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA က သိမ်းပိုက်စဉ် ထိုင်းဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုရက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA က သိမ်းပိုက်စဉ် ထိုင်းဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article