26 C
Yangon

ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သား ၃ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သား ၃ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Spring Warriors Column တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် Spring Warriors Column တပ်ရင်းထံ အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ ၃ ဦးစလုံးက စစ်ကောင်စီ လက်ကနေ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတဲ့သူတွေပါ။ ကျွန်တော်တို့ဆီကို ဆက်သွယ်လာတာမျိုးလဲ မဟုတ်ဘူး။ သူတို့ စခန်းကနေ အရဲစွန့်ပြီး ထွက်ပြေးလာကြတဲ့အချိန်မှာ ကျွန်တော် တပ်ဖွဲ့ဝင်တွေနဲ့ တွေပြီး သူတို့ကို ထိန်းသိမ်းခေါ်ဆောင်လာခဲ့တာပါ။ စစ်တပ်ထဲမှာလည်း စစ်သားတွေရဲ့ နှိပ်စက်တာတွေလည်း ခံရတယ်လို့ သိရတယ်။ လက်ရှိမှာတော့ ဂုဏ်ပြုဆုငွေ သိန်း ၃၀ ကျပ် ချီးမြှင့်ထားပါတယ်။ သူတို့က စစ်မှုထမ်း အပတ်စဉ် ၈ နဲ့ ၉ ကလို့ သိရတယ်” ဟု Spring Warriors Column တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို အလင်းဝင်လာ‌သော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်သားများ မတရား စစ်မှူထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များဖြစ်ပြီး အလင်းဝင်ရောက်လာချိန်တွင် MA-1 သေနတ် ၁ လက် နှင့် MA-3 သေနတ် ၂ လက်တို့ ယူဆောင်လာခြင်းကြောင့် ဆုငွေများ ချီးမြှင့်ပေးအပ်ထားကြောင်း သိရှိရသည်။

“အခုအလင်းဝင်လာတဲ့ သူတွေက တစ်ယောက်ကကျတော့ သူက ရန်ဖြစ်ပြီးတော့ အချုပ်ကျတာပေါ့ အချုပ်ကျတဲ့ဟာကို သူကို စစ်တပ်ထဲကို ဝင်မလား။ ထောင်ပဲ အကျခံမလား။ အဲဒီလိုမေးတဲ့အချိန်မှာ သူက ထောင်ပဲ အကျခံမယ်ဟာကို စစ်တပ်ထဲထည့်လိုက်တာ နောက် တစ်ယောက်ကျတော့ မိန်းမကလေးမွေးလို့ မိန်းမဆီကို သွားတဲ့အချိန်မှာ ကားဂိတ်မှာ ထမင်းဝင်စားနေတုန်း ပေါ်တာဆွဲသွားတာ နောက်ဆုံး တစ်ယောက်ကျတော့ Passports သွားယူရင်းနဲ့ Passports ရုံးနားက ထမင်းဆိုင်မှာ ဝင်စားနေတုန်း လူ၄ ယောက်က အရပ်ဝတ်တွေနဲ့ သူကို ဓားထောက်ပြီး ခေါ်သွားတာလို့ သိရတယ်” ဟု Spring Warriors Column တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီၑ မတရားစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသော လူငယ်များနှင့် မတရား စစ်ကောင်စီ လက်ပါးစေဘဝမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုသူများ အနေဖြင့် တာဝန်ကျရာနှင့် နီးစပ်ရာ တပ်ရင်း၊ စစ်ကြောင်း သို့မဟုတ် Spring Warriors Column တပ်ရင်း ကို ဆက်သွယ်၍ အလင်းဝင်ရောက်ကြောင်း နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article