ရန်ကုန်၊ ဇွန် ၅
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသော ရှောက်ခြုံရွာကို အကြမ်းဖက် စစ်တပ်က ရောက်ရှိလာပြီးနောက် မြို့ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၍ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရပြီး မြို့လုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီခန့်မှစတင်၍ တွင် နောင်ချိုမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသော ရှောက်ခြုံရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီးနောက် မြို့ပေါ် ရပ်ကွက်ရှိ အရပ်သား ပြည်သူများကို ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်များသည် နောင်ချိုမြို့ပေါ်ရှိ ကားကြီးကွင်း ၊ ကမ္ဘောဇကျောင်း ၊ ညီညီနိုင် ဝပ်ရှော့ဟောင်းနှင့် ရွှေဝါးရိပ် အနီးတို့ကို ကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရပ်ကွက်မှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
“နောင်ချိုက စစ်ခွေးတွေက ရှောက်ခြုံရွာနားကို ရောက်နေပါပြီ ကံကြီးထဲကိုတော့ မရောက်သေးပါဘူး။ မနေ့ည ၈ နာရီဝန်းကျင်လောက်က နောင်ချိုမြို့ထဲကို လက်နက်ကြီး ၁၂ လုံးလောက် ပစ်ထည့်တာ ဘောလုံးကွင်းအနီးက ကားကြီးကွင်းထဲ တစ်လုံး၊ ကမ္ဘောဇကျောင်း ဝန်းကျင်တစ်လုံး၊ မြို့မစားသောက်ဆိုင်ရှေ့ ညီညီနိုင် ဝပ်ရှော့ဟောင်းနေရာ ၁ လုံးနဲ့ ရွှေဝါးရိပ်ဘက်တစ်လုံး ကျရောက်ပေါက်ကွဲတယ်။ ကျန်တဲ့အလုံးတွေကတော့ တခြားနေရာတွေကျပါတယ်။ နောင်ချိုမြို့ စျေးရပ်ကွက်ရှိ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်၏ အရပ်သားပြည်သူများကို လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် မြို့ပေါ်နေ ပြည်သူများသည် လက်ရှိချိန်တွင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
