ရန်ကုန်၊ ဇွန် ၆
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းတိုက်ခိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNDF တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့်က လွိုင်ကော်မြို့နယ်၊ သပြေကုန်းဘုန်းကြီးကျောင်းဝင်းအတွင်း အ ခိုင် အမာတပ်စွဲထားသည့် တပ်စခန်း ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်နေစဉ် ဆီဆိုင်မြို့နယ်ဘက်မှ ထွက်လာသည့်စစ်ကူစစ်ကြောင်းကို ထပ်မံ ၍ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒီလ ၃ ရက် မနက် ၅ နာရီလောက်မှာ တိုက်ခဲ့တာပါ၊ သပြေကုန်းရွာဆိုတာက လွိုင်ကော်မြို့နယ် ထဲက ရွာပေါ့၊ စခတွေကတော့ လွိုင်ကော်မြို့ကနေ ထွက်ထိုင်တာများတယ်။ စစ်ကူကတော့ ရှမ်း တောင်၊ ဆီဆိုင်ဘက်ကနေ PNO တွဲပြီးလာတာပါ” ဟု KNDF တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးကာ စစ်ကောင်စီ တပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၅ လက်၊ AK-47 အမျိုးအစား သေနတ် ၁ လက်၊ MA-4 အမျိုး အစား သေနတ် ၁ လက်၊ RPG အမျိုးအစားသေနတ် ၁ လက်နှင့် အခြားလက် နက် ခဲယမ်းများ သိမ်းယူရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ နှင့်အတူ ဗျူဟာအမှတ်-၂ အောက်ရှိ တပ်ရင်းများ ၊ မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF အမှတ် ၂ ဗျူဟာက ထုတ်ပြန်ထား သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

