26 C
Yangon

အပစ်ရပ်စစ်တပ်က နောင်ချိုမြို့သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များနှင့်ဘုန်းကြီး ကျောင်း ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၆

ရှမ်းပြည်နယ် နောင်ချိုမြို့တွင် အပစ်အခတ်ရပ်စဲရေး ကြေညာထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြာင်း TNLA က ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၄ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့ ဈေးရပ်ကွက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူများ ဗုံးစထိမှန်ခဲ့ပြီး နေအိမ် ၂ လုံးနှင့် ကမ္ဘောဇကျောင်းတိုက်ဘုန်း ကြီးကျောင်း ၁ ကျောင်းလည်း လက်နက်ကြီးကြောင့် ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၃ရက် နံနက် ၈ နာရီ ၅၄ မိနစ်အချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရေဖြူကျေးရွာမှ ဂန့်ဂေါကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၆ လုံးပစ်ချခဲ့ပြီး ထိုနေ့ ညနေ ၄ နာရီအချိန်တွင်လည်း ကန်ကြီးကျေး ရွာသို့ ဒရုန်းဖြင့် ၁ ကြိမ် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနှင့်မူ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက် ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး ကြေညာထားချိန်လည်းဖြစ်သည်။

သို့ရာတွင် စစ်တပ်က အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း ဇွန်လ ၂ရက်နေ့တွင် ထုတ် ပြန်ကြေညာထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့သို့ ဆက်လက်တိုက်ခိုက်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက် နာ ဆောင်ရွက်ရန် TNLA က တိုက်တွန်းသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက နောင်ချိုမြို့နယ်တွင် စစ်တပ်နှင့် TNLA အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းခြင်းနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခြင်းများကို လုပ်ဆောင် နေကြောင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် လက်နက်ကြီးစ်ခတ်ခြင်းများကိုလည်း အချိန်တိုင်း လုပ်ဆောင်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article