ရန်ကုန် ၊ ဇွန် ၆
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီးစိုးထွဋ်ကျော်တို့ကို အရှင်ဖမ်းမိခဲ့ကြောင်း ညောင်ဦးမြို့ နယ်ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လွန်ခဲ့သော တစ်ပတ်ခန့် ညောင်ဦးမြို့နယ်၊ ညောင်ဦး -ချောက်ကားလမ်းပိုင်းတနေရာတွင် ပြည် သူ့ကာ ကွယ်ရေးအဖွဲ့ဝင်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် နေပြည်တော်မှ ချောက်၊ ရေနံ ချောင်းဘက်သို့ ကိုယ်ပိုင်ကားဖြင့် စီးလာသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ညီညီမျိုး ဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖမ်းမိတာက တစ်ပတ်လောက်ကြာပြီ၊ ရက်တော့ သေချာမမှတ်မိတော့ဘူး။ ဒီနေ့မှ စိတ်ချရလို့ သတင်းထုတ်လိုက်တာပါ၊ သူတို့ ကားနဲ့နေပြည်ကနေလာတာ၊ ချောက်၊ ရေနံချောင်းဘက်ကို သွားဖို့ ပါ။ အရပ်ဝတ်နဲ့ပဲ၊ လက်နက်တော့ ပါမလာဘူး။ သူတို့ကို စစ်သုံ့ပန်း ဥပဒေအရပဲ အရေးယူ ဆောင် ရွက်သွားမှာပါ။ အထက်ခရိုင်ကို လွှဲပေးထားပြီးပါပြီ” ဟု ညောင်ဦးမြို့ နယ်ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုကို ညောင်ဦးမြို့နယ် ပကဖ အနောက်ခြမ်း ဇုံ ၊ ပုဂံ – ဗိုလ်ချိုအဖွဲ့မှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းဥပဒေအရ အရေးယူနိုင်ရန် ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခရိုင်ပကဖ ထံလွှဲပြောင်းပေးထားကြောင်း၊ ညောင်ဦးခရိုင်ပကဖမှတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန ကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ညောင်ဦးမြို့နယ်ရဲ့ နေရာတိုင်းမှာ ကျနော်တို့ရှိနေပါတယ်၊ သူတို့(စစ်ကောင်စီ) ပြောတဲ့ စကားလိုပဲ ရာဇဝတ် ဘေးပြေးမလွတ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေ၊ အပေါင်းပါတွေကို ပြောချင်ပါတယ်။ ပြီးတော့ မိဘပြည်သူတွေအနေနဲ့လည်း စကစ ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ပါနဲ့၊ စကစနဲ့ ဝေးဝေးမှာနေပေးကြပါလို့ ပြောချင်ပါတယ်” ဟု ညောင်ဦးမြို့ နယ်ပကဖ တာဝန်ခံ ကိုဇီးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

