33 C
Yangon

နိုင်ငံတကာစာမျက်နှာတွင် စစ်ကောင်စီဘက်မှ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်ကိုကျေးဇူးတင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော

Must read

ရန်ကုန်၊ ဇွန် ၉

နိုင်ငံတကာစာမျက်နှာတွင် စစ်ကောင်စီဘက်မှ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်ကိုကျေးဇူးတင်ကြောင်း အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားတွင် အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာစာမျက်နှာတွင် ရပ်တည်ထောက်ခံ ပေး လျက်ရှိသည့်အတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံ၏ မိမိတို့နိုင်ငံအပေါ်တွင် စဉ်ဆက်မပြတ် အပြုသဘော ဆောင်သည့် ထိတွေ့ဆောင်ရွက်မှု၊ စိတ်ကောင်းစေတနာဖြင့် အားပေးထာက်ခံမှုများအတွက်လည်း များစွာ တန်ဖိုးထားကျေးဇူးတင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ဖော်ဆောင်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၊ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြန်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင် ရှိနေကြောင်း၊ ထို့ကြောင့် အဆိုပါစီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်း၊ မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရေး တရုတ်ကို အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အနာဂတ်ကမ္ဘာ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုမြှင့်တင်နိုင်မည်ဟု ရှုမြင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်သမ္မတ၏သဘောထားများကို ကြိုဆို ထောက်ခံကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီသည် ယခု ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆုံးရှုံးသွားခဲ့သော လားရှိုးမြို့ကို တရုတ်၏ ကြားဝင်မှုဖြင့် MNDAA ထံမှ ပြန်လည် တောင်းယူခဲ့နိုင်ခဲ့ပြီး အခြားဆုံးရှုံးသွားသော မြို့နယ်များကိုလည်း တရုတ်၏ စေ့စပ်မှုဖြင့် ပြန်လည် တောင်းယူရန် ကြိုးစားလျက်ရှိသည်ကို တွေ့မြင်ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article