31 C
Yangon

စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၉

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စျေးဝယ်ရန်လာသည့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ပြည်သူ ၃ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကာ အဆောက်အဦး ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းအတွင်းကို တံတားဦးကတက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အဆောက်အဦး ၁ လုံး ထိခိုက်ပျက်စီးတယ်။ စျေးဝယ်လာသော ပြည်သူ ၄ ဦး ဗုံးစထိမှန်ပြီးတော့ အမျိုး သမီး ၁ ဦးသေဆုံးတယ်။ ၁ ဦးကတော့ လက်ဖြတ်ရတယ်လို့ ကြားတယ်။ ကျန် ၂ ဦးကတော့ ပေါင်မှာ ထိမှန် ဒဏ်ရာရရှိတယ်” ဟု စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article