31 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးနေတဲ့ ပွဲစား နိုင်ထွဋ်အောင် ဆိုသူက မဟာမြတ်မုနိဘုရားကြီးကို ရွှေ ၃ ပိဿာ နဲ့ ကျပ်သိန်း ၂၆၀၀၀ လှူဒါန်းမှုဟာ ကုသိုလ်ဒါနမမြောက်တဲ့ ဘာသာရေး ခုတုံးလုပ်မှုသာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁၁ က သင်တန်းဆင်း တပ်သားသစ်တွေကို သင်တန်းဆင်းပြီး ၁ ရက်အကြာမှာပဲ နိုင်ငံတစ်ဝန်းက ရှေ့တန်းစစ်မြေပြင်တွေဆီ စတင်ပို့ဆောင်နေပြီး ၊ ဖုန်းတွေပါ သိမ်းထားတဲ့အတွက် တပ်သားသစ်တွေဟာ မိသားစုနဲ့ပါ အဆက်အသွယ်ပြတ်တောက်သွား တယ်လို့ တပ်သားသစ် မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ TNLA PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေနဲ့ တော်တော်ကို အထိနာပြီး ဆုပ်ခွာထွက်ပြေးသွားကြသလို ၊ စစ်တပ်က ထိန်းချုပ် ထားတဲ့ ကံကြီးရွာကိုပါ တော်လှန်ရေးတပ်တွေက ပြန်လည် သိမ်းပိုက်ရရှိသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article