28 C
Yangon

ကြို့ပင်ကောက်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ဗောဓိကုန်းရွာအုပ်ချုပ်ရေးမှူး မောင်ညိမ်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ဗောဓိကုန်းရွာ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး မောင်ညိမ်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း BTZM GBK PDF တပ်ခွဲမှူး ကိုတေဇမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ဗောဓိကုန်းရွာ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းနှင့် ပျူစောထီး ခေါင်းဆောင် မောင်ညိမ်းကို တော်လှန်ရေးတပ်ဖွဲ့များက လယ်တောအတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှုအတွင်း ဗောဓိကုန်းရွာ အုပ်ချုပ်ရေးမှူး မောင်ညိမ်းသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး လက် ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“မောင်ညိမ်းက ပြည်သူတွေ အပေါ်ကို ကျူးလွန်ထားတာ တော်တော်များပါတယ်။ သူက ၂၀၂၂ လောက်တည်းက စစ်မှု ထမ်းဟောင်းပဲ ပြီးတော့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်လေ ပျူစောထီး ခေါင်းဆောင်လည်းဖြစ်တယ်။ မောင်ညိမ်းက စစ်မှုထမ်းတွေလည်းဆွဲတယ်။ ဆွဲတဲ့ လူငယ်တိုင်းကို ပိုက်ဆံတတ်နိုင်တဲ့ သူတွေဆိုရင် သိန်း ၁၅၀၊ ၂၀၀ နဲ့ ထုတ်ပေးပြီးတော့ သူ့အတွက်လည်း သီးသန့်ဆိုပြီး သိန်း ၄၀ ထပ်တောင်းတာတွေရှိတယ်။ အဲတာတစ်ကြိမ်တစ်ခါတည်းလည်းမဟုတ်ဘူး။ အကြိမ်ကြိမ် လုပ်ဆောင်နေတာပါ။ အခုက သူ လယ်ထဲမှာ စပါးကျဲနေတဲ့အချိန်မှာ ကျနော်တို့ ရှင်းလင်းခဲ့တာပေါ့။ သူ့က လက်နက်ရှိတယ်။ မပါလာတော့ လက်ပစ်ဗုံး ၂ လုံးပဲ သိမ်းဆည်းရရှိခဲ့တယ်” ဟု BTZM GBK PDF တပ်ခွဲမှူး ကိုတေဇမင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article