31 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နိုင်ငံတကာစာမျက်နှာမှာ စစ်ကောင်စီဘက်ကနေ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်ဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာ ပြန်တဲ့အပြင် တရုတ်သမ္မတရှီကျင့်ဖျင်ကို အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေး မြှင့်တင်နိုင်သူဆိုပြီးတော့ပါ မင်းအောင်လှိုင် က အလွန်အကျူး မြှောက်ပင့်ပြောဆိုသွားပြန်ပါတယ်။
  • စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ပါ နေ့စဉ်ဗုံးကျဲ တိုက်ခိုက် နေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦးကတော့ ပွဲချင်းပြီးကို သေသွားပြီး နောက်ထပ် ၄ ဦးက ဒဏ်ရာတွေ ရထားပြီးတဲ့နောက် စစ်တပ်ဘက်က စစ်ကူတွေပါ အသည်းအသန်ခေါ်ရတဲ့အခြေအ နေအထိ ဖြစ်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article