31 C
Yangon

မြဝတီမြို့ ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦး စစုပေါင်း ၃ ဦး အလင်းဝင်၊ စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးမှုခံရပြီး စစ်သားအဖြစ် သွပ်သွင်းခံရသူများဖြစ်

Must read

ရန်ကုန်၊ ဇွန် ၁၁

ကရင်ပြည်နယ် မြဝတီမြို့ ခလရ ၂၇၅ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦး စုစုပေါင်း စစ်သား ၃ ဦးက အလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။​

ဇွန်လ ၇ ရက်နေ့ မြဝတီမြို့ ၂၇၅ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦး အပါအဝင် ၃ ဦးသည် သေနတ်များယူဆောင်လာခြင်းမရှိဘဲ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့ ၃ ဦးစလုံး သေနတ်မပါဘူး။ အလင်းဝင်ရောက်လာတဲ့သူ ၁ ဦးက ဌာနေ ၁ ဦးနဲ့ ကျန်တဲ့ ၂ ဦးကတော့ စစ်မှုထမ်း တပ်သားသစ်ပါ။ ရွှေပြည်သာက တစ်ယောက်နဲ့ ပြည်ဘက်က တစ်ယောက်ပါ။ စစ်မှုထမ်းတပ်သား ၂ ဦးစလုံးက စစ်မှုထမ်းသင်တန်း အပတ်စဉ် ၈ ကပါ။ စစ်မှုထမ်းတပ်သား ၂ ဦးစလုံးက အလုပ်သွားရင်းအဆွဲခံရတာပါ။ သူတို့ ၂ ဦးစလုံးက စစ်မှုထမ်း သင်တန်းကို လေ့ကျင့်ရေး ၃ ကျိုင်းတောင်းမှာ တက်ခဲ့တယ်။ကျန်တဲ့သူတွေလည်း အမြန်ဆုံးအလင်းဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူက ရှင်းပြသည်။

ထိုသို့ အလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ၁ ဦးလျှင် ဆုငွေ ၅သိန်းကျပ်စီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်မှုထမ်း တပ်သားသစ်များ အဖြစ်စုဆောင်းလျက်ရှိရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၄ သို့ ရောက်ရှိနေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article