ရန်ကုန်၊ ဇွန် ၁၁
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦးက သေနတ် ၂ လက်၊ ဗုံး ၁ လုံး၊ ခဲယမ်းများစွာနှင့်အတူ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်၊အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃ ရက်နေ့ မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်အခြေစိုက် ကပစ-၂၄ မှ ဒုတပ်ကြပ် ၁ ဦးက ပခုက္ကူခရိုင်၊အမှတ် ၅တပ်ရင်းထံသို့ MA-3 သေနတ် ၂ လက်၊အမ်ဂျီ ၁ ဗုံး ၁ လုံး၊5.56ကျည် ၂၁၄ တောင့်နှင့် ကျည်ဘောက် ၄ ဘောက်ကို ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူခရိုင်၊အမှတ် ၅ တပ်ရင်း၊ တပ်ရင်းမှူးက တစ်ဦးတည်းဖြင့် သေနတ် ၂ လက် အပါအဝင် လက်နက်ခဲယမ်းများ ယူဆောင်လာကာ ပြည်သူ့ဘက်သို့ ကူးပြောင်းလာခြင်းအတွက် ကပစ- ၂၄ မှ ဒုတပ်ကြပ်ကို နွေးထွေးစွာ ကြိုဆိုကြောင်း ပြောဆိုပြီး ဂုဏ်ပြုဆုကြေးငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော စစ်သားများအနေဖြင့်လည်း လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်သို့ အချိန်မီ အလင်းဝင်ရောက်ကြရန် ပခုက္ကူခရိုင်၊အမှတ် ၅ တပ်ရင်းက တိုက်တွန်း နှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

